
အောင်လံလွှင့်ချီ နွေဦးထီ မှ ကြိုဆိုပါတယ်
အမျိုးသားညီညွတ်ရေးအစိုးရမှ ဂုဏ်ယူစွာဖြင့် ပိုင်ဆိုင်ထားသော နွေဦးထီ ပလက်ဖောင်း အသစ်ကို စတင် လေ့လာလိုက်ပါ။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စတင်ပြီး နိုင်ငံတဝှမ်းရှိ CDM ပြည်သူ့ဝန်ထမ်းများအား ပံ့ပိုးကူညီသွားနိုင်ရန် အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင် မယိမ်းမယိုင်ပဲ ဆက်လက် လုပ်ဆောင်လျက် ရှိပါတယ်။


ကံကောင်းခြင်းအစ သင့်နံပါတ်က
ကံကောင်းခြင်း စစ်မှန်သည့် ဂဏန်း ၇ လုံ: ပါရှိသော ထီလက်မှတ် တစ်စောင်လျှင် ၂၀၀၀ ကျပ်ဖြင့် ပိုင်ဆိုင်နိုင်ပါပြီ။
တကြိမ်တွင် အများဆုံး အစောင် ၅၀ အထိ ဝယ်ယူနိုင်ပြီး သင့်ရဲ့ ထီကံစမ်းခြင်း ခရီးစဥ်ကို စတင်ဖို့ အသင့်ပဲလား။

ရိုးရှင်းစွာ အကောင့်ဖွင့်ခြင်း
နွေဦးထီအကောင့်ကို လွယ်ကူရိုးရှင်းစွာ ဖွင့်နိုင်ပြီး ငွေကြေးစနစ် (၁၀) မျိုးနဲ့ ထီထိုးနိုင်အောင် သင့်ရဲ့ SDB - နွေဦးဘဏ်အကောင့်နှင့် တိုက်ရိုက် ချိတ်ဆက်နိုင်ပါတယ်။
လုံခြုံစွာ ငွေပေးချေနိုင်ခြင်း
ပိုမိုကောင်းမွန်သည့် ငွေပေးချေမှု တိုင်းအတွက် ငွေကြေးစနစ်မျိုးစုံကို လုံခြုံစိတ်ချစွာ နွေဦးဘဏ်မှတဆင့် လက်တကမ်းတွင် ပိုင်ဆိုင်လိုက်ပါ။
နွေဦးထီချစ်သူများအတွက် အေးချမ်း၊ လုံခြုံပြီး စိတ်ပျော်ရွှင်စွာ ကံစမ်းနိုင်ရေးသည်သာ ပထမဦးစားပေး ဖြစ်ပါတယ်။

အနာဂတ်အိပ်မက် ရဲရဲမက်
အခမ်းနားဆုံး အိပ်မက်တွေမက်ရင်း ထိပ်တန်း ထီဆုမဲများကို စိတ်ကူးကြရအောင်။
ပထမဆု - သိန်း ၅၀၀၀ ကျပ်
ဒုတိယဆု - သိန်း ၂၀၀၀ ကျပ်
တတိယဆု - သိန်း ၁၀၀၀ ကျပ်
အထူးဆု - သိန်း ၅၀၀ ကျပ်
နွေဦးထီ ဆုမဲ စုစုပေါင်း ၄၂,၂၂၉ ဆု ပါဝင်သောကြောင့် သင့်အိပ်မက်တွေ အမှန်တကယ် ဖြစ်လာပါတော့မယ်။

အောင်ပွဲဆင်မယ့် သင့်ကံကြမ္မာ
နိုင်ငံတော်၏ မှတ်တမ်းဝင် အနာဂတ် သန်းကြွယ် သူရဲကောင်း ဖြစ်ခွင့် ကို အခုပဲ အမိအရ ဆုပ်ကိုင် လိုက်ပါ။
အယောက်စီတိုင်း၏ ပါဝင်ပံ့ပိုးမှုဟာ အရေးပါတာမို့ ရည်မှန်းချက်ဖြင့် နွေဦးထီထိုးကြရအောင်။

တာဝန်သိစွာ ကံစမ်းမယ်
မိမိတကိုယ်ရေစာ တာဝန်သတိရှိစွာ ထီထိုးပြီး #OurLotteryOurFuture ဒို့ထီ ဒို့အနာဂါတ် လှုပ်ရှားမှုတွင် ပါဝင်ကြမယ်။
နွေဦးထီမှာ သတိဖြင့် ဝင်ရောက်ကံစမ်းပြီး ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ခံစားပါ။
သင့် ယုံကြည်ရာ ခရီးလမ်း
လွတ်လပ်ခြင်း ခရီးလမ်းမှာ သင်၏ ယုံကြည်ရာ မှတ်တိုင်တစ်ခုအဖြစ် နွေဦးထီမှာ တာဝန်သိစွာ ကံစမ်းနိုင်ခြင်းဟာ ဆုလာဘ်များ ဆွတ်ခူးနိုင်ခြင်း ကဲ့သို့ပဲ ပင်ကိုယ်တန်ဖိုး ရှိလှပါတယ်။
အမေးများသော မေးခွန်းများ
- အရင်ဆုံး နွေဦးထီ အကောင့်ဖွင့်ရန် https://app.nwayoohti.com/register မှာ စာရင်းသွင်းရပါမယ်။
- မိမိ၏ SDB - နွေဦးဘဏ် အကောင့်နှင့် ချိတ်ဆက်ပြီး နွေဦးထီ အကောင့်ထဲသို့ နှစ်သက်ရာ ငွေကြေး ၁၀ မျိုးဖြင့် ငွေသွင်းရပါမယ်။
- ထီထိုးရန် ငွေသွင်းပြီးနောက် မိမိ နှစ်သက်ရာ ထီနံပါတ်စဥ်ကို တကြိမ်လျှင် ၁၅ စောင် အထိ ရွေးချယ် ဝယ်ယူနိုင်ပါတယ်။
နွေဦးထီကို SDB အကောင့် ထဲတွင်ရှိသော Currency (၁၀) မျိုးဖြစ်သည့် MMK, USD, THB, SGD, EUR, AUD, GBP, JPY, MYR, KRW စသည့် ငွေကြေးများနှင့် ကံစမ်းခွင့်ရှိပါမယ်။
နွေဦးထီ နံပါတ်စဥ်များကို ရှေ့ဆုံးဂဏန်းအတွက် ၁ (သို့) ၂ ရွေးပြီး ကျန်ရှိသော ဂဏန်းများကို ၀ မှ ၉ အထိ မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပြီး ကျပန်းစနစ်ဖြင့်လည်း ဝယ်ယူနိုင်ပါတယ်။
သို့သော် နံပါတ်စဥ်တခုကို ဝယ်သူတဦးသာ ပိုင်ဆိုင်ခွင့် ရှိသောကြောင့် အပြိုင်ဝယ်ယူသူ နှစ်ဦးထက် ပိုရှိခဲ့မည်ဆိုပါက အရင်ဦးဆုံး ငွေချေသူသာ ပိုင်ဆိုင်ခွင့်ရပါမယ်။
နွေဦးထီ ထွက်မည့်ရက်နှင့် အချိန်သည် လစဥ်၊ လကုန်ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီ ဖြစ်ပါတယ်။
နောက်ဆုံး ထီထိုးနိုင်မည့် အချိန်မှာ လစဥ်၊ လကုန်ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ဖြစ်ပါတယ်။
နောက်လအတွက် ထီပြန်ဖွင့်မည့်အချိန်မှာ ထိုလကုန်ရက်၏ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ဖြစ်ပါတယ်။
နွေဦးထီတွင် လစဉ်ကံစမ်းနိုင်မည့် ပထမဆု သိန်း ၅၀၀၀ အပါအဝင် ဆုမဲပေါင်း၄၂,၂၂၉ ပါဝင်ပါသည်။ လစဉ်ပေးမည့် ဆုကြေးပမာဏနှင့် အရေအတွက်သည် အောက်ပါအတိုင်း ဖြစ်ပါသည်။

အကယ်၍ နွေဦးထီ ပေါက်ပြီဆိုလျှင် ဆုကြေးငွေများသည် နွေဦးထီ အကောင့်သို့ ၂၄ နာရီ အတွင်း အလိုအလျောက် စနစ်ဖြင့် ရောက်ရှိလာပါမယ်။
ထိုဆုကြေးငွေများကို နွေဦးထီ အကောင့်ထဲမှ မိမိ ချိတ်ဆက်ထားသော SDB အကောင့်ထဲသို့ အကန့်အသတ်မရှိ ပြောင်းရွှေ့ ထုတ်ယူနိုင်ပါတယ်။
နွေဦးထီ 2.0 မှာ NUGPay နဲ့ တိုက်ရိုက် ထီထိုးနိုင်ခြင်း မရှိသော်လည်း SDB နွေဦးဘဏ်၏ Relationship Manager (RM) များမှတဆင့် မိမိရဲ့ NUGPay ထဲမှငွေကို SDB အကောင့်ထဲသို့ ပြောင်းရွှေ့ရန် ဆက်သွယ် ဆောင်ရွက်ပြီး နွေဦးထီ အကောင့်နှင့် ချိတ်ဆက်ကာ ထီကံစမ်းနိုင်ပါတယ်။
ထိုဆုကြေးငွေများကို နွေဦးထီ အကောင့်ထဲမှ မိမိ ချိတ်ဆက်ထားသော SDB အကောင့်ထဲသို့ အကန့်အသတ်မရှိ ပြောင်းရွှေ့ ထုတ်ယူနိုင်ပါတယ်။
လတ်တလောတွင် Mobile App မရှိသေးပါ။ သို့သော် နွေဦးထီ website ကို မိမိ၏ မည်သည့် device မှာမဆို web browser မှ ဝင်၍ အသုံးပြုနိုင်ပါတယ်။
SDB အကောင့်မှ နွေဦးထီ အကောင့်ထဲသို့ အနည်းဆုံး 5,000 MMK နှင့်ညီမျှသော ပမာဏမှစ၍ ငွေသွင်းနိုင်ပါတယ်။
နွေဦးထီ အကောင့်မှ SDB အကောင့်သို့ ပမာဏ ကန့်သတ်ထားခြင်းမရှိ ပြန်လည် လွှဲပြောင်း ထုတ်ယူနိုင်ပါတယ်။
နွေဦးထီ ဆုငွေများ ချီးမြှင့်ပြီး ကျန်ရှိသော အကျိုးအမြတ်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း CDM ဝန်ထမ်းများသို့ ယခင်ထောက်ပံ့မှုများထက် မနည်းသော ပမာဏကို ဖြန့်ဝေသွားမည့်အပြင် အခြားသက်ဆိုင်ရာ တော်လှန်ရေးကဏ္ဍများ အသီးသီးတွင် မျှဝေသုံးစွဲ သွားပါမယ်။
ဆက်သွယ်ရန်
Copyright © Nway Oo Hti. All rights reserved.