ကိုယ်ရေးအချက်အလက်များဆိုင်ရာ မူဝါဒများ

နွေဦးထီအနေဖြင့် သုံးစွဲသူမိတ်ဆွေများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို လေးစားလိုက်နာပြီး အဆိုပါအချက်အလက်များကို ကာကွယ်စောင့်ရှောက်ရန် သန္နိဋ္ဌာန်ချထားပါသည်။ မိမိတို့ နွေဦးထီ၏ ဝဘ်ဆိုဒ်သို့ သင်ဝင်ရောက်လိုက်သည့်နှင့်တပြိုင်နက် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များအား မည်သို့ကိုင်တွယ်ထိန်းသိမ်းမည်ဆိုသည်နှင့် မည်သည့်အခွင့်အရေးများရရှိမည် ဖြစ်ကြောင်းနှင့် ဥပဒေက မည်သို့မည်ပုံအကာအကွယ်ပေးမည်ဆိုသည်ကို အသိပေးမည်ဖြစ်သည်။ ဤကိုယ်ရေးအချက်အလက် များဆိုင်ရာမူဝါဒ၏ အကြောင်းအရာများကို အထက်တွင်ဖော်ပြထားပြီး သီးခြားအကြောင်းအရာများကို လည်းအောက်တွင် ဆက်လက်ဖတ်ရှုသုံးသပ်နိုင်ပါသည်။ ဤကိုယ်ရေးကိုယ်တာမူဝါဒများတွင် ထည့်သွင်း အသုံးပြုထားသော ဝေါဟာရအချို့၏ အနက်အဓိပ္ပာယ်များကို ဝေါဟာရဖော်ပြချက်အခန်းတွင် သီးခြား ဖော်ပြထားပါသည်။

နွေဦးထီ၏အကြောင်းနှင့် အရေးကြီးအချက်အလက်များ

ကိုယ်ရေးအချက်အလက်များဆိုင်ရာမူဝါဒထားရှိခြင်း၏ ရည်ရွယ်ချက်

၁။ ယခုကိုယ်ရေးအချက်အလက်များဆိုင်ရာမူဝါဒသည် နွေဦးထီအနေဖြင့် သုံးစွဲသူများ၏ ကိုယ်ရေး အချက်အလက်များအား မည်သို့မည်ပုံရယူ၍ မည်သို့ပြန်လည်စီမံခန့်ခွဲအသုံးပြုလျက်ရှိသည် ဆိုသည်ကို ဖော်ပြခြင်းဖြစ်ပါသည်။ ထိုသို့ဖော်ပြရာတွင် ကျွန်နုပ်တို့ နွေဦးထီ၏ ဝဘ်ဆိုဒ်မှ သုံးစွဲသူများမှ မှတ်ပုံတင်၍ နွေဦးထီနှင့် ကံစမ်းမဲများကံစမ်းရန်အတွက် ဖြည့်သွင်းထားသည့်ကိုယ်ရေးအချက်အလက်များ ပါဝင် ပါသည်။ ယခုနွေဦးထီဝဘ်ဆိုဒ်သည် အသက်(၁၈)နှစ်မပြည့်သေးသော က‌လေးသူငယ်များနှင့်အသုံးပြုရန် မသင့်လျော်ပါ။

၂။ အသုံးပြုသူများအနေဖြင့် နွေဦးဘဏ်က အချက်အလက်များကောက်ခံသည့်အခါ သို့မဟုတ် ကိုယ်ရေးအချက်အလက်များအသုံးပြု၍ လုပ်ငန်းများဆောင်ရွက်သည့်အခါ အဆိုပါအချက်အလက်များ ကို မည်သို့မည်ပုံ အသုံးပြုလျက်ရှိသည်ကို သိရှိနိုင်ရန်အလို့ငှာ ယခု ကိုယ်ရေးအချက်အလက်များဆိုင်ရာ မူဝါဒနှင့် အခြားသော ကိုယ်ရေးအချက်အလက်များဆိုင်ရာမူဝါဒ သို့မဟုတ် သင့်တင့်လျောက်ပတ်စွာ လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာမူဝါဒများကို သေချာစွာဖတ်ရှုရန် အရေးကြီးပါသည်။ ယခု ကိုယ်ရေး အချက်အလက်များဆိုင်ရာမူဝါဒသည် အခြားသောသတိပေးချက်များနှင့် ကိုယ်ရေးအချက်အလက်မူဝါဒ များကို ဖြည့်စွက်အစားထိုးရန် ရည်ရွယ်‌၍ ဆောင်ရွက်ခြင်းမဟုတ်ပါ။

တာဝန်ရှိသူ

၃။ “နွေဦးထီ”သည် ယခုကိုယ်ရေးဆိုင်ရာအချက်အလက်များ ကောက်ခံခြင်းအတွက် အဓိက ထိန်းချုပ်၊ တာဝန်ရှိသူဖြစ်ပြီး ယခုကိုယ်ရေးအချက်အလက်များဆိုင်ရာမူဝါဒ၌ “ မိမိတို့” “ ကျွန်ုပ်တို့” အစရှိသည်ဖြင့် သင့်တော်သလို ဖလှယ်အသုံးပြုသွားမည်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ဥပဒေဌာနမှ အချက်အလက် ကာကွယ်ထိန်းသိမ်းရေးအရာရှိအား ခန့်အပ်ကာ တာဝန်ပေးအပ်ထားရှိမည်ဖြစ်ပြီး၊ ၎င်း အနေဖြင့် ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်းပေါ်ပေါက်လာသောကိစ္စရပ်များအပေါ်တွင် ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိမည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ ဥပ‌ဒေကြောင်းအရ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအပါအဝင် ပြသနာတစ်စုံ တစ်ရပ် ပေါ်ပေါက်လာပါက အောက်ဖော်ပြပါအချက်အလက်များအတိုင်း သက်ဆိုင်ရာ အချက်အလက် ကာကွယ်ထိန်းသိမ်းရေးအရာရှိအား ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ

အဖွဲ့အစည်းအမည် - နွေဦးထီ

အီးမေးလ်လိပ်စာ - [email protected]

ကိုယ်ရေးအချက်အလက်များဆိုင်ရာမူဝါဒကို ပြောင်းလဲပြင်ဆင်ခြင်းနှင့် အဆိုပါပြောင်းလဲပြင်ဆင်ခြင်း အား အသိပေးရန် လိုအပ်မှု

၄။ မိမိတို့နွေဦးဘဏ်အနေဖြင့် ကိုယ်ရေးအချက်အလက်များဆိုင်ရာမူဝါဒအား ပုံမှန်သုံးသပ်မှုများ ပြုလုပ်လျက်ရှိပြီး၊ နောက်ဆုံးသောအကြိမ်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ မိမိတို့ လက်ဝယ်တွင် ထိန်းသိမ်းထားရှိသော ကိုယ်ရေးအချက်အလက်များသည် တိကျ၍ မှန်ကန်မှုရှိရန် လိုအပ်ပါသည်။ အကယ်၍ သုံးစွဲသူများအနေဖြင့် မိမိတို့နှင့် ဆက်သွယ်ဆောင်ရွက်နေစဉ် အတွင်း ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ အပြောင်းအလဲ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ အသိပေးပြောင်းလဲ ပြင်ဆင်ရန်လိုအပ်မည်ဖြစ်ပါသည်။ (ဥပမာ- နေရပ်လိပ်စာပြောင်းလဲခြင်း၊ ဆက်သွယ်ရန် ဖုန်းနံပါတ်ပြောင်းလဲခြင်း သို့မဟုတ် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းရာတွင် ပါဝင် သည့် အခြားသောအချက်လက်တစ်ခုခု အပြောင်းအလဲဖြစ်ပေါ်ခြင်း)

တတိယအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှု

၅။ မိမိတို့အင်တာနက်စာမျက်နာတွင် အခြားသောတတိယအဖွဲ့အစည်းများ၏ အင်တာနက် စာမျက်နှာများနှင့် ချိတ်ဆက်မှုများ၊ plug-ins များနှင့် နည်းပညာကြောင်းအရ ဆက်သွယ်ထားသည် link များ ပါဝင်နိုင်ပါသည်။ အဆိုပါ link များသို့ ဝင်ရောက်သည့်အခါ အခြားသော တတိယအဖွဲ့အစည်းများသို့ သုံးစွဲသူများ၏အချက်အလက်များ ဝေမျှမှုများ၊ ကောက်ခံခြင်းများ ရှိနိုင်ပါသည်။ မိမိတို့အနေဖြင့် အဆိုပါ တတိယအဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများကို ထိန်းချုပ်ထားခြင်းမရှိသကဲ့သို့ ကိုယ်ရေး အချက်အလက်နှင့်စပ်လျဉ်းသည့် ကိစ္စအဝဝအပေါ်တွင်လည်း တာဝန်မရှိပါ။ မိမိတို့၏ အင်တာနက် စာမျက်နှာမှ ပြန်လည်ထွက်ခွာသွားသည့်အခါ၌ သင်တို့ဝင်ရောက်မည့် အင်တာနက်စာမျက်နှာတိုင်း၏ ကိုယ်ရေးအချက်အလက်များဆိုင်ရာမူဝါဒများကိုလည်း ဖတ်ရှုကြပါရန် တိုက်တွန်းလိုပါသည်။

မိမိတို့ကောက်ခံယူသည့် အချက်အလက်များ

၆။ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဆိုသည်မှာ လူတစ်ဦးတစ်ယောက်အား မည်သူ၊ မည်ဝါဖြစ်ကြောင်းသိရှိနိုင်သည့် မည်သည့်သတင်း အချက်ကိုမဆို ဆိုလိုပါသည်။ အဆိုပါအချက်အလက်များတွင် မည်သူ၊ မည်ဝါဖြစ်ကြောင်း အထောက် အထားအား ဖယ်ရှားထားသည့် သတင်းအချက်အလက်များ မပါဝင်ပါ။

၇။ မိမိတို့အနေဖြင့် သုံးစွဲသူများ၏ အောက်ပါအတိုင်း စုဖွဲ့ထားသည့် မတူညီသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ကောက်ခံခြင်း၊ အသုံးပြုခြင်း၊ သိမ်းဆည်းခြင်းနှင့် လွှဲပြောင်းခြင်းတို့ကို ပြုလုပ် နိုင်ပါသည် -

  • မည်သူ၊ မည်ဝါဖြစ်ကြောင်း အထောက်အထားများတွင် နာမည်၏ အရှေ့စာလုံး၊ အနောက်စာလုံး၊ အသုံးပြုမည့်အမည် သို့မဟုတ် အလားတူ သတ်မှတ်ချက် အထောက် အထား၊ မွေးနေ့၊ နေထိုင်ရာနိုင်ငံနှင့် ဆက်သွယ်ရန် အီးမေးလ်လိပ်စာတို့ ပါဝင်ပါသည်။
  • ချိတ်ဆက်ထားသည့် နွေဦးဖွံ့ဖြိုးရေးဘဏ်အကောင့်များနှင့် ငွေလွှဲပြောင်းခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ အစရှိသည်ဖြင့် သုံးစွဲသူများ၏ ငွေကြေးဆိုင်ရာ အချက်အလက်များပါဝင်ပါသည်။
  • ငွေလွှဲပြောင်းခြင်းဆိုင်ရာအချက်အလက်များတွင် နွေဦးထီ၏အင်တာနက်စာမျက်နှာအား အသုံးပြု၍ ထီနှင့် ကံစမ်းမဲဝယ်ယူရာတွင် ဆောင်ရွက်ထားသည့် ငွေပေးချေမှုများ ပါဝင် ပါသည်။
  • နည်းပညာဆိုင်ရာ အချက်အလက်များတွင် အိုင်ပီ လိပ်စာခေါ် အင်တာနက်လိပ်စာ၊ စာမျက်နှာအား ဝင်‌ရောက်ရာတွင် အသုံးပြုခဲ့သည့်အချက်အလက်များ၊ Browser အမျိုးအစားနှင့် ဗားရှင်း၊ ဒေသစံတော်ချိန်နှင့် တည်နေရာ၊ browser plug-in types နှင့် ဗားရှင်း၊ လုပ်ငန်းဆောင်ရွက်သည့် စနစ်နှင့် ပလက်‌ဖောင်းအပါအဝင် စာမျက်နှာအား ဝင်ရောက်ရာတွင် သုံးစွဲသောပစ္စည်းအမျိုးအစားပေါ်မူတည်၍ ကောက်ယူရရှိသည့် အခြားအချက်လက်များ ပါဝင်ပါသည်။
  • သင်၏ ကိုယ်ပိုင်အချက်အလက်များတွင် အမည်နာမ၊ စကားဝှက်၊ ဝယ်ယူမှုမှတ်တမ်း သို့မဟုတ် ငွေပေးချေမှုမှတ်တမ်း၊ အတိုးများ၊ ဦးစားပေးမှုများ၊ အကြံပြု တုံ့ပြန်ချက များ နှင့် စစ်တမ်းကောက်ယူမှုအပေါ် တုံ့ပြန်ချက်များ အစရှိသည်ဖြင့်ပါဝင်မည်ဖြစ်ပါ။
  • အချက်အလက်အသုံးပြုမှုတွင် သုံးစွဲသူများအနေဖြင့် အင်တာနက်စာမျက်နှာအား မည်သို့၊ မည်ပုံ အသုံးပြုခြင်း၊ ပစ္စည်းများနှင့် ဝန်ဆောင်မှုများတို့ ပါဝင်ပါသည်။
  • စျေးကွက်နှင့် ဆက်သွယ်ရေး အချက်အလက်များတွင် မိမိတို့နှင့် တတိယအဖွဲ့အစည်းများ ထံမှ သုံးစွဲသူစိတ်ကြိုက် စျေးကွက်အချက်အလက်နှင့် ဆက်သွယ်ရန် နည်းလမ်းများ ပါဝင်ပါသည်။

၈။ မိမိတို့ အနေဖြင့် စုပေါင်းအချက်အလက်များဖြစ်သည့် ကိန်းဂဏန်းအချက်အလက်များ သို့မဟုတ် ဒေသအချက်အလက်များကိုလည်း မည်သည့်ရည်ရွယ်ချက်အတွက်မဆို ကောက်ယူ၊ သုံးစွဲ၊ မျှဝေ သွား မည်ဖြစ်ပါသည်။ စုပေါင်းအချက်အလက်များသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များမှာ ဆင်းသက် လာသော်လည်း မည်သူ၊ မည်ဝါဖြစ်သည်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဖော်ပြသွားခြင်း မဟုတ်သည့်အတွက် ဥပဒေကြောင်းအရ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များမှတ်ယူ၍ မရနိုင်ပါ။ ဥပမာအားဖြင့် ဥပမာအားဖြင့် မိမိတို့အနေဖြင့် သတ်မှတ်ထားသော အင်တာနက်စာမျက်နှာ အသုံးပြုမှု လုပ်ငန်းစဉ်များကို ဝင်ရောက်အသုံးပြုသည့် ရာခိုင်နှုန်းကို တွက်ချက်ရန် သင်၏အသုံးပြုမှုဒေတာကို စုစည်းနိုင်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် သုံးစွဲသူများအား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော နည်းဖြင့် ခွဲခြားသိရှိနိုင်စေရန်အတွက် စုစည်းထားသောအချက်အလက်အား ကိုယ်ရေးအချက်အလက် များဆိုင်ရာ မူဝါဒနှင့်အညီ အသုံးပြုမည်ဖြစ်ပါသည်။

၉။ မိမိတို့အနေဖြင့် သုံးစွဲသူများ၏ အထူးအချက်အလက်အမျိုးအစားကိုမဆို ကောက်ယူခြင်း မပြုပါ။ အဆိုပါအချက်အလက်များအတွင်း သုံးစွဲသူများ၏ လူမျိုး၊ ဘာသာ သို့မဟုတ် အတွေးအခေါ် ယုံကြည်မှုများ၊ လိင်ပိုင်းဆိုင်ရာဘဝ၊ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှု၊ နိုင်ငံရေးအတွေးအခေါ်၊ ကုန်သွယ်ရေး သမဂ္ဂအဖွဲ့ဝင်၊ ကျန်းမာရေးဆိုင်ရာအချက်အလက်များ၊ မျိုးရိုးဗီဇအချက်အလက်များ၊ ဇီဝအချက် အလက်များ စသည်ဖြင့်ပါဝင်ပါသည်။ မိမိတို့အနေဖြင့် ပြစ်မှုနှင့် ရာဇဝတ်မှုကျုးလွန်မှုဆိုင်ရာ အချက် အလက်များကို ကောက်ယူသွားမည်မဟုတ်ပါ။

ကိုယ်ရေးဆိုင်ရာအချက်အလက်များပေးဆောင်ရန် ပျက်ကွက်ခြင်း

၁၀။ မိမိတို့အနေဖြင့် ဥပဒေကြောင်းအရ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းရန် လိုအပ်သည့်နေရာ သို့မဟုတ် ချုပ်ဆိုထားသော စာချုပ်ပါစည်းကမ်းချက်များအရ လိုအပ်သည့် အချက်အလက်များကို ပေးအပ်ရန် ပျက်ကွက်ပါက မိမိတို့အနေဖြင့် ချုပ်ဆိုထားသောစာချုပ်အား အကောင်အထည်ဖော်နိုင်မည် မဟုတ်သကဲ့သို့ စာချုပ်ပါအတိုင်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေး နိုင်မည်မဟုတ်ပါ။ (ဥပမာ- သုံးစွဲသူများအား ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများပေးရန်) ဤအကြောင်း အရင်းနှင့်စပ်လျဉ်း၍ ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းကို ဖျက်သိမ်းရန် ကြိုးပမ်းသည့်အခါ မိမိတို့ အနေဖြင့် သုံးစွဲသူများအား အသိပေးအကြောင်းကြားသွားမည် ဖြစ်ပါသည်။

ပုဂ္ဂိုလ်ရေးအချက်အလက်များ စုဆောင်းရရှိပုံ

၁၁။ မိမိတို့အနေဖြင့် သုံးစွဲသူများ၏ အချက်အလက်များအား ကောက်ယူရာတွင် အောက်ပါ မတူညီသော နည်းလမ်းမျိုးစုံဖြင့် ကောက်ယူသွားမည် ဖြစ်ပါသည် -

(က) သုံးစွဲသူများဖြင့် တိုက်ရိုက်ဆက်သွယ်ခြင်း

သုံးစွဲသူများအနေဖြင့် အထောက်အထားကဒ်ပြားများ၊ ဆက်သွယ်ရန်လိပ်စာ၊ ငွေကြေး ဆိုင်ရာအချက်အလက်များအား သက်ဆိုင်ရာလျှောက်လွှာများတွင် ဖြည့်သွင်း၍ သို့မဟုတ် အီးမေးလ်၊ အွန်လိုင်းဝန်ဆောင်မှု သို့မဟုတ် အခြားနည်းလမ်းများအသုံးပြု၍ စာပေးပို့၍ ဆောင်ရွက်ခြင်းဖြင့် ဆက်သွယ်ခြင်း။ ထိုသို့ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ အခြေအနေများတွင် သုံးစွဲသူများက ပေးအပ်ထားသည့် ကိုယ်ရေး အချက်အလက်များ ပါဝင်ပါသည် -

  • မိမိတို့၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုရန် လျှောက်ထားခြင်း
  • အင်တာနက်စာမျက်နှာတွင် အကောင့်ဖွင့်လှစ်ခြင်း
  • မိမိတို့၏ စာအုပ်၊ စာနယ်ဇင်းများ သို့ ထုတ်ဝေဖြန့်ချီမှုများ သို့ ဝန်ဆောင်မှုများ အား ရရှိနိုင်ရန် စာရင်းပေးသွင်းထားခြင်း
  • အရောင်းကြော်ငြာများအား ပေးပို့ပေးစေရန် သဘောတူညီမှု ပြုထားခြင်း
  • ပြိုင်ပွဲဝင်ခြင်း၊ အရောင်းမြှင့်တင်ခြင်း သို့မဟုတ် အချက်အလက်များ ကောက်ခံမှုပြုခြင်း သို့မဟုတ်၊
  • ပြန်လည်မှတ်ချက်ပြုခြင်း သို့မဟုတ် မိမိတို့ထံ ဆက်သွယ်ခြင်း

(ခ) အလိုအလျောက်နည်းပညာများ သို့မဟုတ် အပြန်အလှန်တုံ့ပြန်မှုများ

မိမိတို့၏အင်တာနက်စာမျက်နှာနှင့် အပြန်အလှန်ဆက်သွယ်သည့်အခါတွင် မိမိတို့အနေ ဖြင့် သုံးစွဲသူများ၏ စက်ပစ္စည်းများ၊ ရှာဖွေခြင်းလုပ်ဆောင်ချက်များနှင့် ပုံစံများ အကြောင်း နည်းပညာဆိုင်ရာ အချက်အလက်များကို အလိုအလျောက် စုဆောင်းမည် ဖြစ်ပါသည်။ ကွတ်ကီးများ၊ ဆာဗာမှတ်တမ်းများနှင့် အခြားသော အလားတူ နည်းပညာ များကို အသုံးပြုခြင်းဖြင့် မိမိတို့အနေဖြင့် ဤကိုယ်ရေးဆိုင်ရာအချက်အလက်များကို စုဆောင်းပါသည်။ မိမိတို့၏ ကွတ်ကီးများကို အသုံးပြုသည့် အခြားစာမျက်နှာများသို့ သင်သွားရောက်လည်ပတ်ပါက သင့်နှင့်ပတ်သက်သည့် နည်းပညာအချက်အလက်များ ကိုလည်း ကျွန်ုပ်တို့ လက်ခံရရှိနိုင်ပါသည်။

တတိယအဖွဲ့အစည်း သို့မဟုတ် အများသူငှာသုံးစွဲနိုင်သော အရင်းအမြစ်များ

၁၂။ မိမိတို့အနေဖြင့် အောက်ဖော်ပြပါအတိုင်း ပြင်ပအဖွဲ့အစည်းများနှင့် အများသူငှာ အသုံးပြုနိုင် သည့် ရင်းမြစ်များမှ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို မိမိတို့ လက်ခံရရှိပါသည်-

  • Google ကဲ့သို့သော ခွဲခြမ်းစိတ်ဖြာမှုပံ့ပိုးပေးသူများ
  • ကြော်ငြာကွန်ရက်များ နှင့်
  • အချက်အလက်ရှာဖွေပေးသူများ။

သုံးစွဲသူများ၏ကိုယ်ရေးအချက်အလက်များကို အသုံးပြုပုံ

၁၃။ မိမိတို့အနေဖြင့် ဥပဒေက ခွင့်ပြုသည့်အခါမှသာ သုံးစွဲသူများ၏ကိုယ်ရေးအချက်အလက်များကို အသုံးပြုပါမည်ဖြစ်ပါသည်။ များသောအားဖြင့် မိမိတို့အနေဖြင့် အောက်ပါအခြေအနေများတွင် သုံးစွဲသူ များ၏ ကိုယ်ရေးအချက်အလက်များကို အသုံးပြုပါမည်-

  • မိမိတို့ ချုပ်ဆိုမည့် သို့မဟုတ် သင်နှင့်ချုပ်ဆိုထားသည့် စာချုပ်ကို မိမိတို့ဘက်မှ ‌ဆောင်ရွက်ရန် လိုအပ်သည့်အခါ၊
  • မိမိတို့၏ တရားဝင်အကျိုးစီးပွားများ (သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခု၏) လိုအပ်သည့်အခါ၊ (ထိုသို့သော အခြေအနေတွင် သင်၏အကျိုးစီးပွားနှင့် အခြေခံ အခွင့်အရေးများသည် အထက်ပါ အကျိုးစီးပွားများကို လွှမ်းမိုးနိုင်မည် မဟုတ်ပါ)
  • မိမိတို့အနေဖြင့် ဥပဒေဆိုင်ရာတာဝန်ဝတ္တရားများကို လိုက်နာရန် လိုအပ်သည့်အ

၁၄။ ယေဘူယျအားဖြင့် မိမိတို့သည် သင်၏ကိုယ်ရေးအချက်အလက်များကို အီးမေးလ် သို့မဟုတ် စာတိုပေးပို့ ခြင်းမှတစ်ဆင့် သင့်ထံ ပြင်ပမှတိုက်ရိုက်စျေးကွက်ရှာဖွေရေးဆက်သွယ်မှုများကို မပေးပို့မီ သင်၏သဘောတူညီချက်ကို ရယူထားမည်ဖြစ်သော်လည်း သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကို လုပ်ဆောင်ရန်အတွက် သင်၏ သဘောထား/ခွင့်ပြုချက် ကို ဥပဒေအခြေခံအဖြစ် ဆောင်ရွက်မှီတည် မည် မဟုတ်ပါ။ သုံးစွဲသူများအနေဖြင့် မိမိတို့ထံ ဆက်သွယ်ခြင်းဖြင့် စျေးကွက်ရှာဖွေခြင်းဆိုင်ရာ သဘော တူညီချက်ကို အချိန်မရွေး ရုပ်သိမ်းပိုင်ခွင့်ရှိနိုင်ပါသည်။

သုံးစွဲသူများ၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို အသုံးပြုမည့် ရည်ရွယ်ချက်များ

၁၅။ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကိုအသုံးပြုရန် ကျွန်ုပ်တို့စီစဉ်ထားသည့် နည်းလမ်း များ၏ဖော်ပြချက်နှင့် မည်သည့်ဥပဒေများပေါ်၌ အခြေခံသည်ကို အောက်တွင်ဖော်ပြထားသော ဇယားဖြင့် သတ်မှတ်ဖော်ပြထားပါသည်။ မိမိတို့၏တရားဝင်ဖြစ်သည့် အကျိုးစီးပွားများကိုလည်း သင့်တင့်လျောက်ပတ်စွာ ဖော်ပြထားပါသည်။

၁၆။ မိမိတို့အနေဖြင့် သင်တို့၏ အသုံးပြုလျှက်ရှိသည့် သက်ဆိုင်ရာအကြောင်းအရာများအပေါ် မူတည်၍ တရားဝင်အကြောင်းအရာတစ်ခုထက်ပို၍ သင်၏ကိုယ်ရေးဆိုင်ရာအချက်အလက်များကို စီမံ ဆောင်ရွက်နိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။ မိမိတို့အသုံးပြုစီမံခန့်ခွဲလျှက်ရှိသည့် ဥပဒေဆိုင်ရာ အခြေခံအကြောင်းအရင်းများနှင့်စပ်လျဉ်း၍ သုံးစွဲသူများအနေဖြင့် သိရှိလိုပါက မိမိတို့ထံ အချိန်မ‌ရွေး ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

ရည်ရွယ်ချက်/ လုပ်ဆောင်ချက် အချက်အလက်အမျိုးအစားတရားဝင် အကျိုးစီးပွား အခြေခံ အပါအဝင် လုပ်ငန်းဆောင်ရွက်မှု အတွက် ဥပဒေဆိုင်ရာ အခြေခံ
သင့်အား သုံးစွဲသူတစ်ဦး အဖြစ် မှတ်ပုံတင်သွင်းရန်(က) မည်သူ၊ မည်ဝါဖြစ်ကြောင်း အထောက်အထား (ခ) ဆက်သွယ်ရန် လိပ်စာသင်နှင့် ချုပ်ဆိုထားသော စာချုပ်ပါ ပြဋ္ဌာန်းချက်များမှ ပေးအပ်ထားသည့် အခွင့်အာဏာအတိုင်း ဆောင်ရွက်နိုင်မှု
ငွေပေးချေမှုများ၊ ကျသင့်ငွေများ နှင့် ကုန်ကျစရိတ်များ အပါအဝင် ငွေလွှဲပြောင်းမှုနှင့် ပေးပို့ခြင်းများ ဆောင်ရွက်ရန် (က) အထောက်အထား (ခ) ဆက်သွယ်ရန် လိပ်စာ (ဂ) ငွေကြေးဆိုင်ရာ အချက်အလက်များ (ဃ) ငွေလွှဲပြောင်းမှုများ (င) စျေးကွက်ရှာဖွေခြင်းနှင့် ဆက်သွယ်ခြင်းသင်နှင့် ချုပ်ဆိုထားသော စာချုပ်ပါ ပြဋ္ဌာန်းချက်များမှ ပေးအပ်ထားသည့် အခွင့်အာဏာအတိုင်း ဆောင်ရွက် နိုင်မှု
သင်နှင့် ဆက်ဆံရေးကို ဆောင် ရွက်နိုင်ရာတွင် အောက်ပါတို့ ပါဝင်ပါသည် -
  • မိမိတို့၏ ဖော်ပြချက်များနှင့် ကိုယ်ရေးအချက်အလက် များဆိုင်ရာ မူဝါဒများ၏ ပြောင်းလဲမှုများအား အသိပေးအကြောင်းကြား ခြင်း မှတ်ချက်များတောင်းဆိုခြင်း သို့မဟုတ် စစ်တမ်းကောက်ယူခြင်း
(က) အထောက်အထား (ခ) ဆက်သွယ်ရန် လိပ်စာ (ဂ) ငွေကြေးဆိုင်ရာ အချက် အလက်များ (ဃ) ငွေလွှဲပြောင်းမှုများ (င) စျေးကွက်ရှာဖွေခြင်းနှင့် ဆက်သွယ်ခြင်း(က) သင်နှင့် ချုပ်ဆိုထားသော စာချုပ် ပါ ပြဋ္ဌာန်းချက်များမှ ပေးအပ် ထားသည့်အခွင့်အာဏာအတိုင်း ဆောင်ရွက်နိုင်မှု (ခ)မိမိတို့၏ တရားအကျိုးစီးပွား အတွက် လိုအပ်မှု (သုံးစွဲသူများ အနေဖြင့် မိမိတို့၏ ထုတ်ကုန်/ ဝန်ဆောင်မှုများကို မည်ကဲ့သို့ အသုံးပြုသည်ကို လေ့လာ ဆန်းစစ်ရန်၊ ၎င်းတို့ကို ပိုမို ကောင်းမွန်အောင် ပြုလုပ်၍ မိမိ တို့၏ လုပ်ငန်းကို ပိုမိုကြီးထွား လာစေရန်)
သင့်အနေဖြင့် ကံစမ်းမဲ အစီအစဉ်များ၊ ပြိုင်ပွဲများနှင့် စစ်တမ်းကောက်ယူခြင်းများတွင် ပါဝင်နိုင်စေရန်(က) အထောက်အထား (ခ) ဆက်သွယ်ရန် လိပ်စာ (ဂ) ကိုယ်ရေးဖိုင် (ဃ) အသုံးပြုခြင်း (င) စျေးကွက်ရှာဖွေခြင်းနှင့် ဆက်သွယ်ခြင်း(က) သင်နှင့် ချုပ်ဆိုထားသော စာချုပ် ပါ ပြဋ္ဌာန်းချက်များမှ ပေးအပ် ထားသည့် အခွင့်အာဏာအတိုင်း ဆောင်ရွက်နိုင်မှု
(ခ) မိမိတို့၏ တရားအကျိုးစီးပွား အတွက် လိုအပ်မှု (သုံးစွဲသူများ အနေဖြင့် မိမိတို့၏ ထုတ်ကုန်/ ဝန်ဆောင်မှုများကို မည်ကဲ့သို့ အသုံးပြုသည်ကို လေ့လာ ဆန်းစစ်ရန်၊ ၎င်းတို့ကို ပိုမို ကောင်းမွန်အောင် ပြုလုပ်၍ မိမိ တို့၏လုပ်ငန်းကို ပိုမိုကြီးထွား လာစေရန်)
မိမိတို့၏ အင်တာနက်စာမျက်နှာ နှင့် စီးပွားရေးလုပ်ငန်းများကို စီမံ ခန့်ခွဲရန်နှင့် အကာအကွယ်ပေး ရန် (troubleshooting, အချက် အလက်လေ့လာဆန်းစစ်ခြင်း၊ စမ်းသပ်ခြင်း၊ စနစ်ကို ထိန်းသိမ်း ခြင်း၊ ပံ့ပိုးခြင်း၊ အစီရင်ခံခြင်းနှင့် အချက်အလက်များကို လက်ခံ ခြင်း အစရှိသည်တို့လည်း ပါဝင် ပါသည်။ )(က) အထောက်အထား (ခ) ဆက်သွယ်ရန် လိပ်စာ (ဂ) နည်းပညာဆိုင်ရာ (က) မိမိတို့၏ တရားဝင် အကျိုးစီးပွား များအတွက် ဆောင်ရွက်ရန် လိုအပ်လာသည့်အခါ (စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့် နည်းပညာ ဝန်ဆောင်မှု များ၊ အင်တာနက်ကွန်ယက် လုံခြုံမှု၊ လိမ်လည်မှုများမှ ကာကွယ်ရန်နှင့် လိမ်လည်မှုကို တားဆီးရန်နှင့် လုပ်ငန်းပြန်လည် ဖွဲ့စည်းခြင်း သို့မဟုတ် အဖွဲ့ ပြန်လည် ဖွဲ့စည်းခြင်းဆိုင်ရာ ဆောက်ရွက်မှုများ)
သက်ဆိုင်ရာ ဝဘ်ဆိုဒ် အကြောင်းအရာနှင့် ကြော်ငြာ များကို သင့်ထံ ပေးပို့ရန်နှင့် မိမိတို့အနေဖြင့် သင့်အား ဝန်ဆောင်မှုပေးသည့် ကြော်ငြာ များ၏ ထိရောက်မှုကို အတိုင်း အတာကို နားလည်စေရန်(က) အထောက်အထား (ခ) ဆက်သွယ်ရန် လိပ်စာ (ဂ) ကိုယ်ရေးဖိုင် (ဃ) အသုံးပြုခြင်း (င) စျေးကွက်ရှာဖွေခြင်း နှင့် ဆက်သွယ်ခြင်း (စ) နည်းပညာဆိုင်ရာ(က) မိမိတို့၏ တရားဝင် အကျိုးစီးပွား များအတွက် ဆောင်ရွက်ရန် လိုအပ်လာသည့်အခါ (သုံးစွဲသူများအနေဖြင့် မိမိတို့၏ ထုတ်ကုန်/ဝန်ဆောင်မှုများကို မည်ကဲ့သို့ အသုံးပြုသည်ကို လေ့လာ ဆန်းစစ် ရန်၊ ၎င်းတို့ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်၍ မိမိတို့၏ လုပ်ငန်းကို ပိုမို ကြီးထွား လာစေရန်)
မိမိတို့၏ အင်တာနက်စာမျက်နှာ၊ ထုတ်ကုန်/ဝန်ဆောင်မှုများ၊ စျေးကွက်ချဲ့ထွင်မှု၊ ဖောက်သည် ဆက်ဆံရေးနှင့် အတွေ့အကြုံ များ အစရှိသည်တို့ကို မြှင့်တင် ရန်အတွက် ခွဲခြမ်းစိတ်ဖြာ၍ အချက်အလက်များကို အသုံးပြုခြင်း(က) နည်းပညာဆိုင်ရာ (ခ) အသုံးပြုခြင်းမိမိတို့၏ တရားဝင် အကျိုးစီးပွားများ အတွက် ဆောင်ရွက်ရန် လိုအပ်လာ သည့်အခါ (မိမိတို့၏ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် အင်တာနက် စာမျက်နှာများအား ထိန်းသိမ်းရန်၊ မိမိ တို့၏ စီးပွားရေးလုပ်ငန်းများနှင့် စျေးကွက်မဟာဗျူဟာများကို အသိပေးရန်)
သင် စိတ်ပါဝင်စားနိုင်သော ကုန် ပစ္စည်းများ သို့မဟုတ် ဝန်ဆောင် မှုများအကြောင်း အကြံပြုချက် များနှင့် တိုက်တွန်းချက်များ ပြုလုပ်ပေးရန်(က) အထောက်အထား (ခ) ဆက်သွယ်ရန် လိပ်စာ (ဂ) ကိုယ်ရေးဖိုင် (ဃ) အသုံးပြုခြင်း (င) စျေးကွက်ရှာဖွေခြင်းနှင့် ဆက်သွယ်ခြင်း (စ) နည်းပညာဆိုင်ရာ မိမိတို့၏ တရားအကျိုးစီးပွား အတွက် လိုအပ်မှု (သုံးစွဲသူများ အနေဖြင့် မိမိတို့၏ ထုတ်ကုန်/ ဝန်ဆောင်မှုများကို မည်ကဲ့သို့ အသုံးပြုသည်ကို လေ့လာ ဆန်းစစ်ရန်၊ ၎င်းတို့ကို ပိုမို ကောင်းမွန်အောင် ပြုလုပ်၍ မိမိ တို့၏လုပ်ငန်းကို ပိုမိုကြီးထွား လာစေရန်)

အရေးကြီးသော အသိပေးချက်များ

၁၇။ နွေဦးထီအနေဖြင့် အကောင့်ဖွင့်သည့်အခါ သင်စာရင်းသွင်းထားသည့် သင့်အကောင့်/ ဝန်ဆောင်မှု များ၊ ထုတ်ကုန်/ဝန်ဆောင်မှုအတွေ့အကြုံ သို့မဟုတ် အခြားငွေပေးငွေယူများနှင့် စပ်လျဉ်းသည့် အရေးကြီးသော အသိပေးချက်များကို သင်လက်ခံရရှိနိုင်ပါသည်။ ဤအကြောင်းကြားချက်များကို သင်၏ နွေဦးထီအကောင့်၊ အကြောင်းကြားချက်များ‌နေရာ၌ ‌တွေ့နိုင်ပါသည်။

ရည်ရွယ်ချက်ပြောင်းလဲခြင်း

၁၈။ မိမိတို့အနေဖြင့် သုံးစွဲသူများထံမှ ကောက်ယူထားသည့် အချက်အလက်များကို အခြား အကြောင်းအရာတစ်ရပ်အတွက် သင့်တင့်လျောက်ပတ်မှုရှိသည်ဟု မယူဆသေးသည့် ကာလပတ်လုံး မူလကောက်ယူထား အကြောင်းအရာအတွက်သာ အသုံးပြုမည် ဖြစ်ပါသည်။ အကယ်၍ သင့်အနေဖြင့် အဆိုပါ ရည်ရွယ်ချက်အသစ်အတွက် မိမိတို့ သင်၏အချက်အလက်များကို မည်သို့၊ မည်ပုံ ဆောင်ရွက် လျက်ရှိကြောင်း သိရှိလိုသည့်အခါ မိမိတို့ထံ ဆက်သွယ်နိုင်ပါသည်။ မူလကနဦး အကြောင်းအရာနှင့် ဆက်စပ်မှုမရှိသော အကြောင်းအရာများအတွက် သင်၏ ကိုယ်ရေးအချက်အလက်များကို အသုံးပြု လိုသည့်အခါများ၌ မိမိတို့အနေဖြင့် သုံးစွဲသူများထံသို့ ဆက်သွယ်မှုပြုလုပ်ကာ ဥပဒေကြောင်းအရ မိမိတို့အား ထိုသို့ဆောင်ရွက်နိုင်စေသည့်အခြေအနေကို ရှင်းလင်းတင်ပြသွားပါမည်။ မိမိတို့အနေဖြင့် သုံးစွဲသူများသိရှိခြင်း သို့မဟုတ် သဘောတူညီချက်မပါရှိဘဲ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက် များကို အထက်ဖော်ပြပါစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်ပြီး၊ ၎င်းကို လိုအပ်သည် သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့်အတိုင်း လုပ်ဆောင်နိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။

ပုဂ္ဂိုလ်ရေးအချက်အလက်များ ထုတ်ဖော်ခြင်း

၁၉။ မိမိတို့အနေဖြင့် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဇယားတွင်ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် အောက်တွင်ဖော်ပြထားသော အဖွဲ့များ/ ပုဂ္ဂိုလ်များနှင့် မျှဝေနိုင်ပါသည် -

  • ဝေါဟာရတွင်ဖော်ပြထားသည့်အတိုင်း ပြင်ပတတိယအဖွဲ့အစည်းများ
  • အောက်တွင်ဖော်ပြထားသော သီးခြားတတိယအဖွဲ့အစည်းများ

၂၀။ မိမိတို့၏လုပ်ငန်း သို့မဟုတ် ပိုင်ဆိုင်မှုအစိတ်အပိုင်းများကို ရောင်းချရန်၊ လွှဲပြောင်းရန် သို့မဟုတ် ပေါင်းစည်းရန် ရွေးချယ်နိုင်သော ပြင်ပတတိယအဖွဲ့အစည်းများ။ တနည်းအားဖြင့် မိမိတို့အနေဖြင့် အခြားစီးပွားရေးလုပ်ငန်းများကို ရယူရန် သို့မဟုတ် ၎င်းတို့နှင့် ပေါင်းစည်းရန် ကြိုးပမ်းနိုင်သည်။ မိမိ တို့၏လုပ်ငန်းတွင် အပြောင်းအလဲတစ်ခုဖြစ်လာပါက၊ ပိုင်ရှင်အသစ်များသည် ဤကိုယ်ရေးဆိုင်ရာမူဝါဒ တွင် သတ်မှတ်ထားသည့်အတိုင်း သင်၏ကိုယ်ရေးဆိုင်ရာအချက်အလက်များကို ဆက်လက် အသုံးပြု နိုင်ပါသည်။

၂၁။ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို လေးစားလိုက်နာရန်နှင့် ၎င်းကို ဥပဒေနှင့်အညီကိုင်တွယ် ဆောင်ရွက်ရန် တတိယအဖွဲ့အစည်းအားလုံးကို မိမိတို့ တောင်းဆိုထားသည်။ ပြင်ပမှ ဝန်ဆောင်မှုပေးသူ များအား ၎င်းတို့၏ကိုယ်ပိုင်အချက်အလက်များကို ၎င်းတို့၏ရည်ရွယ်ချက်များအတွက် အသုံးပြုခွင့် မပြုဘဲ သတ်မှတ်ထားသည့်ရည်ရွယ်ချက်များနှင့် မိမိတို့၏ ညွှန်ကြားချက်များနှင့်အညီသာ သင်၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို စီမံဆောင်ရွက်ပေးရန် ခွင့်ပြုပါသည်။

အချက်အလက်လုံခြုံရေး

၂၂။ သင့်ကိုယ်ရေးဆိုင်ရာ အချက်အလက်များ မတော်တဆ ပျောက်ဆုံးခြင်း၊ အသုံးပြုခံရခြင်း သို့မဟုတ် ဝင်ရောက်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ထုတ်ဖော်ခြင်းတို့မှ ကာကွယ်နိုင်ရန် သင့်လျော်သော လုံခြုံရေးအစီအမံများကို ထည့်သွင်းထားပါသည်။ ထို့အပြင်၊ မိမိတို့အနေဖြင့် ဝန်ထမ်းများ၊ အေးဂျင့်များ၊ ကန်ထရိုက်တာများနှင့် လုပ်ငန်းတစ်ခုသိရှိရန်လိုအပ်သည့် အခြားတတိယအဖွဲ့အစည်းများထံသို့ သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ထားသည်။ ၎င်းတို့သည် မိမိတို့၏ ညွှန်ကြားချက်များအတိုင်းသာ သင်၏ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ကိုင်တွယ် ဆောင်ရွက်မည်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် အဆိုပါအချက်အလက်များကို လျှို့ဝှက်ထားရမည် တာဝန် ရှိပါသည်။

၂၃။ မိမိတို့အနေဖြင့် သံသယရှိဖွယ်ရာ ကိုယ်ရေးဆိုင်ရာ အချက်အလက် ချိုးဖောက်မှုမှန်သမျှကို ကိုင်တွယ်ဖြေရှင်းရန် လုပ်ထုံးလုပ်နည်းများကို ချမှတ်ထားပြီး၊ ထိုသို့လုပ်ဆောင်ရန် တရားဝင်လိုအပ် သည့် အခြေအနေတစ်ရပ် ပေါ်ပေါက်လာသည့်အခါ သင့်ထံသို့ အကြောင်းကြားမည်ဖြစ်သည်။

အချက်အလက်ထိန်းသိမ်းခြင်း

သင်၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို မည်မျှကြာကြာ အသုံးပြုမည်နည်း

သင်၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို မည်မျှကြာကြာ အသုံးပြုမည်နည်း

၂၄။ ဥပဒေ၊ ပြဋ္ဌာန်းချက်၊ အခွန်၊ စာရင်းအင်း သို့မဟုတ် အစီရင်ခံစာ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးသည့် ရည်ရွယ်ချက်များအပါအဝင် ကျွန်ုပ်တို့စုဆောင်းထားသော ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် အတွက် သင့်ကိုယ်ရေးကိုယ်တာဒေတာကို ကျိုးကြောင်းဆီလျော်စွာ လိုအပ်သရွေ့သာ ထိန်းသိမ်း ထားမည် ဖြစ်ပါသည်။ တိုင်ကြားချက်တစ်ခုခု လက်ခံရရှိသည့်အခါ သို့မဟုတ် မိမိတို့၏ ဆက်နွယ်မှုနှင့် ပတ်သက်၍ တရားစွဲဆိုခံရမည့်အလားအလာရှိနေသည်ဟု ကျိုးကြောင်းဆီလျော်စွာ ယုံကြည်ပါက သင်၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို အချိန်ပိုကြာအောင် ထိန်းသိမ်းထားနိုင်သည်။ ကိုယ်ရေးဆိုင်ရာအချက်အလက်များအတွက် သင့်လျော်သောထိန်းသိမ်းထားချိန်ကာလကို ဆုံးဖြတ်ရန်၊ မိမိတို့အနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ၏ ပမာဏ၊ သဘောသဘာဝနှင့် ထိရှလွယ်မှု၊ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း သို့မဟုတ် ထုတ်ဖော်ခြင်းမှ အန္တရာယ်ဖြစ်နိုင်ခြေ၊ သင့်၏ ကိုယ်ရေးအချက်အလက်များကို အသုံးပြု၍ မိမိတို့၏ လုပ်ငန်းများဆောင်ရွက်မှုများကို သက်ဆိုင်သော ဥပဒေ၊ စည်းမျဉ်း၊ အခွန်၊ စာရင်းကိုင် သို့မဟုတ် အခြားလိုအပ်ချက်များမှတဆင့် ထိုရည်ရွယ်ချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း ရှိ/ မရှိ တို့ကို ထည့်သွင်းစဉ်းစားပါသည်။

၂၅။ ဥပဒေအရ မိမိတို့၏ဖောက်သည်များ (အဆက်အသွယ်၊ အထောက်အထား၊ ငွေကြေးနှင့် ငွေပေး ငွေယူအချက်အလက်များအပါအဝင်) နှင့်ပတ်သက်သော အခြေခံအချက်အလက်များကို ဖောက်သည် ဖြစ်ခြင်းမှ ရပ်စဲပြီး ခြောက်နှစ် ကြာသည့်အချိန်ထိ သိမ်းဆည်းထားရမည်ဖြစ်သည်။

၂၆။ အချို့သောအခြေအနေများတွင် မိမိတို့သည် သုတေသန သို့မဟုတ် စာရင်းအင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြဘဲ (အဆိုပါ အခြေအနေတွင် သင်နှင့်မသက်ဆိုင်တော့ပါ)၊ အဆိုပါ အချက်အလက်များကို သတိပေးမှုမပါဘဲ ရက်အကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။

သုံးစွဲသူ၏အခွင့်အရေးများ

၂၇။ အောက်ပါအခြေအနေများတွင် ကိုယ်ရေးဆိုင်ရာအချက်အလက်များဥပဒေအရ သုံးစွဲသူများ ထံတွင် ဥပဒေကြောင်းအရ ခံစားပိုင်ခွင့်များ ရှိမည်ဖြစ်ပါသည် -

  • သင်၏ကိုယ်ရေးဆိုင်ရာအချက်အလက်များကို အသုံးပြုပိုင်ခွင့်။
  • သင်၏ကိုယ်ရေးဆိုင်ရာအချက်အလက်များကို ပြင်ဆင်ရန် တောင်းဆိုပိုင်ခွင့်။
  • သင်၏ကိုယ်ရေးဆိုင်ရာအချက်အလက်များကို ဖျက်ပစ်ရန် တောင်းဆိုပိုင်ခွင့်။
  • သင်၏ကိုယ်ရေးဆိုင်ရာအချက်အလက်များကို ဖျက်ပစ်ရန် တောင်းဆိုပိုင်ခွင့်။
  • သင်၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များ အသုံးပြု၍ လုပ်ငန်းများလုပ်ဆောင်ခြင်း အား ကန့်သတ်ရန် တောင်းဆိုပိုင်ခွင့်။
  • သင်၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို လွှဲပြောင်းရန် တောင်းဆိုပိုင်ခွင့်။
  • သဘောတူညီချက်ကို ရုပ်သိမ်းပိုင်ခွင့်

၂၈။ အထက်ဖော်ပြပါ အခွင့်အရေးများကို ကျင့်သုံးလိုသည့်အခါ [email protected] သို့ မေတ္တာရပ်ခံ အကြောင်းကြားနိုင်ပါသည်။.

သင့်ထံမှ မိမိတို့ လိုအပ်နိုင်သည့်အရာများ

၂၉။ သင်၏ အထောက်အထားကို အတည်ပြုရန်နှင့် သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို အသုံးပြုရန် (သို့မဟုတ် သင်၏ အခြားအခွင့်အရေးများကို ကျင့်သုံးရန်) သင်၏ အထောက်အထားကို အတည်ပြုရန်အတွက် တောင်းဆိုရနိုင်ပါသည်။ ဤသည်မှာ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လက်ခံရရှိပိုင်ခွင့်မရှိသူတိုင်းအား ထုတ်ဖော်မပြကြောင်း သေချာစေရန် လုံခြုံရေးအရဆောင်ရွက်ချက် တစ်ခုဖြစ်ပါသည်။ မိမိတို့၏တုံ့ပြန်မှုကို အမြန်ဆောင်ရွက်ရန် သို့မဟုတ် အခြားသော အချက်အလက် များကို မေးမြန်းရန် သင့်ထံ ဆက်သွယ်နိုင်ပါသည်။

တုံ့ပြန်ရန် အချိန်ကန့်သတ်ချက်

၃၀။ မိမိတို့အနေဖြင့် တစ်လအတွင်း တရားဝင်တောင်းဆိုမှုများအားလုံးကို တုံ့ပြန်ရန် ကြိုးစား‌ ဆောင်ရွက်ပါသည်။ သင်၏တောင်းဆိုချက်သည် လွယ်ကူရိုးရှင်းသည့်အခြေအနေတစ်ရပ်တွင် မရှိပါက သို့မဟုတ် သင်တောင်းဆိုမှုများစွာပြုလုပ်ပါက တစ်ခါတစ်ရံ၌ တစ်လထက်ပို၍ ကြာညောင်းနိုင်ပါသည်။ ဤသို့သော အခြေအနေတွင် မိမိတို့အနေဖြင့် သင့်ထံသို့ အသိပေး၍ ဖြစ်ပေါ်တိုးတက်မှုများအား ပုံမှန် အကြောင်းကြားခြင်းကို ဆောင်ရွက်သွားပါမည်။

ဝေါဟာရဖော်ပြချက်

ဥပဒေကခွင့်ပြုသောအခြေခံ

၃၁။ တရားဝင်အကျိုးစီးပွားဆိုသည်မှာ သင့်အား အကောင်းဆုံးဝန်ဆောင်မှု/ ထုတ်ကုန်နှင့် အကောင်းဆုံးနှင့် အလုံခြုံဆုံးသော အတွေ့အကြုံများကို ပေးစွမ်းနိုင်စေရန် ကျွန်ုပ်တို့၏လုပ်ငန်းကို စီမံဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲရာတွင် မိမိတို့၏လုပ်ငန်း၏ အကျိုးစီးပွားကို ဆိုလိုပါသည်။ ကျွန်ုပ်တို့၏ တရားဝင်အကျိုးစီးပွားအတွက် သင်၏ကိုယ်ရေးဆိုင်ရာအချက်အလက်များကို စီမံခန့်ခွဲခြင်းမပြုမီ သင့်အပေါ် ဖြစ်ပေါ်လာနိုင်သည့်သက်ရောက်မှုများ (အပြုသဘောနှင့် အနုတ်လက္ခဏာ) နှင့် သင့်အခွင့်အရေးများကို ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားတွက်ချက်ပြီး သေချာစေရန် ဆောင်ရွက်ပါသည်။ သင့်အပေါ် သက်ရောက်မှုကြောင့် မိမိတို့၏အကျိုးစီးပွားများကို လွှမ်းမိုးထားသော လှုပ်ရှားမှုများအတွက် သင့်ကိုယ်ရေးကိုယ်တာဒေတာကို ကျွန်ုပ်တို့အသုံးမပြုပါ (မိမိတို့ထံတွင် သုံးစွဲသူများက ခွင့်ပြုခြင်း သို့မဟုတ် အခြားလိုအပ်သော ဥပဒေအရ ခွင့်ပြုထားခြင်းမဟုတ်ပါက)။ အခြားသော သီးခြားလုပ်ဆောင် မှုများနှင့်စပ်လျဉ်း၍ သင့်အပေါ်ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ မိမိတို့၏ တရားဝင်အကျိုးစီးပွားများကို ဆောင်ရွက်မှုများ အကြောင်း ထပ်မံသိရှိလိုပါက မိမိတို့ထံသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

၃၂။ စာချုပ်၏ ဆောင်ရွက်နိုင်စွမ်းဆိုသည်မှာ သင်လက်မှတ်ရေးထိုးထားသည့် သို့မဟုတ် လက်မှတ် ရေးထိုးခြင်းမပြုမီ စာချုပ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သင်၏ အချက်အလက် များကို အသုံးပြုဆောင်ရွက်ခြင်း ဖြစ်ပါသည်။

၃၃။ ဥပဒေဆိုင်ရာတာဝန်ဝတ္တရားတစ်ရပ်ကို လိုက်နာခြင်းဆိုသည်မှာ ကျွန်ုပ်တို့လိုက်နာရမည့် ဥပဒေ တာဝန်ဝတ္တရားတစ်ခုနှင့်အညီ လိုအပ်သည့် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို စီမံ ဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။

တတိယအဖွဲ့အစည်းများ

  • အိုင်တီနှင့် အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးသော လုပ်ငန်းစဉ် တစ်ရပ်ရပ် ဆောင်ရွက်ပေးသော ဝန်ဆောင်မှုပေးသူများ။
  • အတိုင်ပင်ခံ၊ ဘဏ်လုပ်ငန်း၊ ဥပဒေ၊ အာမခံနှင့် စာရင်းကိုင်ဝန်ဆောင်မှုများကို ပံ့ပိုး ပေးသော ရှေ့နေများ၊ ဘဏ်လုပ်ငန်းရှင်များ၊ စာရင်းစစ်များနှင့် အာမခံသူများ အပါအဝင် ပရော်ဖက်ရှင်နယ် အကြံပေးများ သို့မဟုတ် ပူးတွဲထိန်းချုပ်သူများအဖြစ် ဆောင်ရွက်သည့် ပရော်ဖက်ရှင်နယ် အကြံပေးများ။
  • အချို့သောအခြေအနေများတွင် ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များကို အစီရင်ခံရန် လိုအပ်သော အခွန်အာဏာပိုင်များ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် အခြားအာဏာပိုင်များ။

သုံးစွဲသူများ ၏ဥပဒေကြောင်းအရ ရပိုင်ခွင့်များ

၃၄။ သုံးစွဲသူများ၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို အသုံးပြုခွင့်တောင်းဆိုခြင်း ("အချက် အလက် အသုံးပြုခွင့်အား ရရှိပိုင်ခွင့်" ဟု အများအားဖြင့်သိကြသည်)။ ဤအခွင့်အရေးသည် မိမိတို့ ထိန်းသိမ်းထားသော သင်၏ကိုယ်ရေးဆိုင်ရာအချက်အလက်မိတ္တူကို ထိန်းသိမ်းထားရှိပိုင်ခွင့်နှင့် ၎င်းကိုတရားဝင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်ဆေးနိုင်ခွင့်တို့ကို ရရှိနိုင်မည် ဖြစ်ပါသည်။

၃၅။ သင်နှင့်ပတ်သက်သော မိမိတို့ထိမ်းသိမ်းထားရှိသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ဆင်ပေးရန် တောင်းဆိုနိုင်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သင်၏ ပြည်စုံမှုမရှိသော၊ မှားယွင်းနေသော အချက်အလက်များကို ပြင်ဆင်ခြင်းဖြစ်ပြီး၊ မိမိတို့အနေဖြင့် အသစ်ရရှိသော အချက်အလက်များ၏ မှန်ကန်မှုအပေါ်တွင်လည်း စစ်ဆေးရန် လိုအပ်မည် ဖြစ်ပါသည်။

၃၆။ သင်၏ကိုယ်ရေးကိုယ်တာဒေတာကို ဖျက်ပစ်ရန် တောင်းဆိုပါ။ သင့်အနေဖြင့် သင်၏ ကိုယ်ရေး ဆိုင်ရာ အချက်အလက်များအပေါ် ဆက်လက်ကိုင်တွယ်ဆောင်ရွက်ခြင်းသည် မိမိတို့အတွက် သင့်တော် ကောင်းမွန်ခြင်းမရှိဟု ယူဆသည့်အခြေအနေမျိုးတွင် ကိုယ်ရေးကိုယ်တာဒေတာများကို ဖျက်ရန် သို့မဟုတ် ဖယ်ရှားရန် တောင်းဆိုနိုင်သည်။ သင့်အနေဖြင့် မိမိတို့ဘက်က သင်၏ အချက်အလက်များကို တရားမဝင် ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်း သို့မဟုတ် ဥပဒေကြောင်းအရ ဖျက်ရန် လိုအပ်လာသည့် အခြေအနေတွင် သင်၏ ဥပဒေရပိုင်ခွင့်ကို အသုံးပြု၍ မိမိတို့၏ ဆောင်ရွက်မှုများကို ကန့်ကွက်ခြင်းနှင့် ကိုယ်ရေးအချက်အလက်များကို ဖျက်သိမ်းရန် တောင်းဆိုခြင်းတို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။ ဂရုပြုရန်မှာ အချို့သော ဥပဒေဆိုင်ရာ လိုအပ်ချက်များကို လိုက်နာရန်အလို့ငှာ မိမိတိုအနေဖြင့် သုံးစွဲသူများ၏ တောင်းဆိုချက်များကို အမြဲတစေ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါ။ ထိုသို့သော အခြေအနေတွင် သုံးစွဲသူများထံသို့ အသိပေးအကြောင်းကြားသွားမည် ဖြစ်ပါသည်။

၃၇။ မိမိတို့အနေဖြင့် တရားဝင်အကျိုးစီးပွား (သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခု၏) ကို မှီခိုနေရသည့် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို စီမံဆောင်ရွက်ခြင်းကို ကန့်ကွက်ပြီး သင့်အခြေခံ အပေါ် သက်ရောက်မှုရှိသည်ဟု သင်ခံစားရသောကြောင့် ဤမြေပြင်ပေါ်တွင် လုပ်ဆောင်ခြင်းကို ကန့်ကွက်လိုသည့် သင်၏ သီးခြားအခြေအနေနှင့်ပတ်သက်သည့် တစ်စုံတစ်ရာ ရှိနေပါသည်။ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ။ တိုက်ရိုက်စျေးကွက်ရှာဖွေရေး ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့ သည် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုပ်ဆောင်နေသည့်နေရာကို သင်ကန့်ကွက် ပိုင်ခွင့်ရှိသည်။ အချို့သောကိစ္စများတွင်၊ သင်၏အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို လွှမ်းမိုးနေသော သင်၏အချက်အလက်များကို စီမံဆောင်ရွက်ရန် ကျွန်ုပ်တို့တွင် လုပ်ပိုင်ခွင့်ရှိကြောင်း ပြသနိုင်ပါသည်။

၃၈။ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ အသုံးပြု၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းအပေါ် ကန့်သတ်ခြင်းအား တောင်းဆိုနိုင်ပါသည်။ ထိုသို့ တောင်းဆိုခြင်းအားဖြင့် အောက်ဖော်ပြပါ အခြေအနေ များတွင် သင်၏ ကိုယ်ရေးအချက်အလက်များအသုံးပြု၍ ဆောင်ရွက်ခြင်းအား ကန့်သတ်ခြင်း ဖြစ်ပါသည် -

  • သင့်အနေဖြင့် မိမိတို့အား အချက်အလက်တိကျမှု ဆောင်ရွက်လိုသည့်အခါတွင်ဖြစ်စေ
  • မိမိတို့၏ အချက်အလက်အသုံးပြုခြင်းသည် တရားမဝင်သော်လည်း သင့်အနေဖြင့် အချက်အလက်များကို ဖျက်ပစ်လိုခြင်း မရှိခြင်း
  • မိမိတို့အနေဖြင့် သင်၏ အချက်အလက်များအား ဥပဒေကြောင်းအရ ခုခံချေပရန် သို့မဟုတ် ကျင့်သုံးရန်မလိုအပ်သည့်တိုင် သုံးစွဲသူက မိမိတို့အား ထိန်းသိမ်းထားစေ လိုသည့်အခါ
  • သင်၏အချက်အလက်အသုံးပြုမှုကို ကန့်ကွက်ခဲ့သော်လည်း ၎င်းတို့ကိုအသုံးပြုရန် အတွက် မိမိတို့ထံတွင် တရားဝင်အခြေခံအကျုံးဝင်ခြင်းရှိ၊ မရှိ အတည်ပြုရန် လိုအပ် သည့်အခါ၊

သင်၏ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို သင် သို့မဟုတ် ပြင်ပတတိယအဖွဲ့အစည်းထံ လွှဲပြောင်း ပေးရန် တောင်းဆိုခြင်း

၃၉။ ကျွန်ုပ်တို့သည် သင့်အား သို့မဟုတ် သင်ရွေးချယ်ထားသော ပြင်ပတတိယအဖွဲ့အစည်းကို ဖွဲ့စည်း တည်ဆောက်ထားသည့်၊ အသုံးများသော၊ စက်ဖြင့်ဖတ်နိုင်သော ပုံစံဖြင့် သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို မျှဝေပေးပါမည်။ ဤရပိုင်ခွင့်သည် သင့်အနေဖြင့် ကျွန်ုပ်တို့အား အသုံးပြုရန် ကနဦးခွင့်ပြုချက်ပေးထားသည့် အလိုအလျောက်သော အချက်အလက်များနှင့်သာ သက်ဆိုင်သည် သို့မဟုတ် သင်နှင့်စာချုပ်ချုပ်ဆိုရန်အတွက် အသုံးပြုသည့် အချက်အလက်များနှင့်သာ သက်ဆိုင်ပါသည်။

၄၀။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆောင်ရွက်ရန် သဘောတူညီချက်ကို အသုံးပြု နေရသည့်ကာလပတ်လုံး သဘောတူညီချက်ကို ရုပ်သိမ်းနိုင်ပါသည်။ သို့ရာတွင် သင့်ခွင့်ပြုချက်ကို မရုပ်သိမ်းမီကာလက လုပ်ဆောင်ခဲ့သည့် မည်သည့်လုပ်ဆောင်မှု၏တရားဝင်မှုကိုမျှ ထိခိုက်မည် မဟုတ်ပါ။ သင့်ခွင့်ပြုချက်ကို ရုပ်သိမ်းသည့်အခါ မိမိတို့အနေဖြင့် သင့်အား အချို့သော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများကို ပေးဆောင်နိုင်မည်မဟုတ်ပါ။ သဘောတူချက်ကို ရုပ်သိမ်းသည့် အခြေအနေမျိုးတွင် ဤကဲ့သို့ဖြစ်ပေါ်လာပါက မိမိတို့အနေဖြင့် သီးခြားအကြံပြုချက်များ ပြုလုပ်သွား မည်ဖြစ်ပါသည်။

၄၁။ လက်ရှိဖော်ပြပါ မူဝါဒနှင့်စပ်လျဉ်း၍ ထပ်မံသိရှိလိုသည်များရှိပါက နွေဦးထီ၏ သုံးစွဲသူ ပံ့ပိုးရေး chatline (အင်တာနက်စာမျက်နှာမှတဆင့်) သို့မဟုတ် [email protected] အီးမေးလ်ဖြင့်ဖြစ်စေ အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါသည်။