နွေဦးထီသည် အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေကြောင်းအရ ပိုင်ဆိုင်၊ ထိန်းချုပ်ထားပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရက ၎င်းတို့ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံတော်အဆင့် တရားဝင်ထီလုပ်ငန်း ဖြစ်ပါသည်။ နွေဦးထီအနေဖြင့် မိမိတို့၏ဝန်ဆောင်မှုများကို အမြင့်ဆုံးသော စံချိန်၊စံညွှန်း စည်းကမ်း၊ သတ်မှတ်ချက်များအညီ လိုက်နာဆောင်ရွက်မှုရှိစေရန်နှင့် တာဝန်ယူမှုရှိသည့် လုပ်ငန်းတစ်ရပ်အဖြစ် ရပ်တည်နိုင်ရန် ရည်မှန်းထားရှိပါသည်။
ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ် သို့မဟုတ် မိုဘိုင်းအက်ပလီကေးရှင်းတို့မှတစ်ဆင့် ကျွန်ုပ်တို့၏ ထီလုပ်ငန်းတွင် မှတ်ပုံတင် ပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ စည်းမျဉ်းနှင့် သတ်မှတ်ချက်များနှင့်တကွ ကိုယ်ရေး အချက်အလက်မူဝါဒ၊ Cookies မူဝါဒနှင့် အခြားသော သက်ဆိုင်သည့် ဂိမ်းစည်းမျဉ်းများအောက်မှ အကျုံးဝင်ရန် သဘောတူညီသည်ဟု သတ်မှတ်ပါသည်။ ဤ စာရွက်စာတမ်းများသည် ဝယ်ယူသူ ဖြစ်သော သင်နှင့် နွယ်ဦးထီတို့အကြားက ပြီးပြည့်စုံစွာချုပ်ဆိုသော သဘောတူညီချက်တစ်ခုအဖြစ် ဖြစ်တည်ပါသည်။ ယင်း စည်းမျဉ်းစည်းကမ်းများအား ဂရုပြု လေ့လာရန်နှင့် လိုအပ်ပါက သင့်လျော် သော အကြံဉာဏ်များ ရယူရန် တိုက်တွန်းအပ်ပါသည်။ ယင်းစည်းမျဉ်းစည်းကမ်းများအနက် တစ်စုံ တစ်ရာ သဘောတူညီမှု မရှိပါက အကျွန်ုတို့၏ ဝန်ဆောင်မှုများနှင့် ထီလုပ်ငန်းတွင် ပါဝင်ခြင်းမှ ရှောင်ကြဉ်ရပါမည်။
နွေဦးထီမှ ထီလက်မှတ်များ ဝယ်ယူပါက မဲနှိုက်ခြင်း၊ ပြိုင်ပွဲများ သို့မဟုတ် တရားဝင် ကြေညာထား သည့် အစီအစဉ်များမှ ထွက်ပေါ်လာသည့် ရလဒ်များကို အတိအလင်း လက်ခံသည်ဟု သတ်မှတ်ပါ သည်။ ကံထူးရှင် လက်မှတ်များအား ရွေးချယ်သည့် လုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိစေရန် နွေဦးထီမှ ကြီးကြပ်ကွပ်ကဲ လုပ်ဆောင်ပါသည်။
ဝယ်ယူသူများအနေဖြင့် ကံထူးရှင်လက်မှတ်များ သတ်မှတ်ခြင်းနှင့်ပတ်သက်၍ နွေဦးထီမှ အသုံးပြု သော လုပ်ငန်းစဉ်မှာ တစ်ခုတည်းသော တရားဝင် နည်းလမ်းအဖြစ် နားလည်၍ သဘောတူညီ လက်ခံ ပါသည်။ ထို့အတူ ဝယ်ယူသူများအနေဖြင့် ယင်းလုပ်ငန်းစဉ်သည် ခိုင်လုံ၍ စည်းနှောင်မှုရှိသည်ဟုလည်း အသိအမှတ်ပြု လက်ခံပါသည်။
ဝယ်ယူသူများအနေဖြင့် ပွဲစဉ်များ၏ ရလဒ်နှင့်ပတ်သက်၍ နွေဦးထီ၏ ကြေညာမှုသည် နောက်ဆုံး အတည်ဖြစ်သည်ဟု သဘောတူလက်ခံပါသည်။ နွေဦးထီအနေဖြင့် စဉ်ဆက်မပြတ် ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ထီလက်မှတ်များ ရွေးချယ်ရာတွင် တရားမျှတမှုရှိစေရန် ဆီလျော်သည့် ကာကွယ်မှု/ အစီအမံများ ထည့်သွင်းလုပ်ဆောင်လျက်ရှိသောကြောင့် ရလဒ်ကြေညာမှု၏ တိကျမှု၊ လုပ်ငန်းစဉ် သို့မဟုတ် အဆုံးအဖြစ်များနှင့်ပတ်သက်၍ မည်သည့် အငြင်းပွားမှုကိုမျှ ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
ဤနည်းအားဖြင့် ဝယ်ယူသူများသည် နွေဦးထီမှ ထုတ်ပြန်ကြေညာသည့် ရလဒ်များ သို့မဟုတ် ကံထူးရှင်လက်မှတ် ရွေးချယ်မှု လုပ်ငန်းစဉ်နှင့်ဆက်စပ်၍ သဘောထားကွဲလွဲမှုများ နှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်လာသော တိုင်တန်းမှုများ၊ တောင်းဆိုချက်များနှင့် မည်သည့် ပျက်စီးဆုံးရှုံးနစ်နာမှုအတွက်မဆို နွေဦးထီနှင့်တကွ ၎င်းနှင့် ဆက်စပ်နေသူများ၊ အမှုဆောင်များ၊ ဒါရိုက်တာများ၊ ဝန်ထမ်း များနှင့် ကိုယ်စားလှယ်များအား ကင်းလွတ်ခွင့်ပြုသည်။
မှတ်ပုံတင်ခြင်းဆိုင်ရာ လိုအပ်ချက်များ - နွေဦးထီလုပ်ငန်းတွင် ပါဝင်မည်ဆိုပါက သင်၏ အမည်၊ မွေးသက္ကရာဇ်နှင့် အီးမေးလ်ကဲ့သို့သော တိကျသောအချက်အလက်များကို ဖော်ပြ၍ ကိုယ်ပိုင်အကောင့် တစ်ခုကို မှတ်ပုံတင်ရပါမည်။ မှတ်ပုံတင်ရန်အတွက် သင်သည် (၁၈) နှစ် နှင့်အထက် ဖြစ်ရပါမည်။ လောင်းကစားပြုရန် တားမြစ်ထားသော တရားစီရင်ပိုင်ခွင့်ရှိ အရွယ်မရောက်သေးသူ သို့မဟုတ် လူပုဂ္ဂိုလ်ထံမှ မှတ်ပုံတင်ခြင်းကို ကျွန်ုပ်တို့ လက်မခံပါ။
KYC လိုက်နာမှု - ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် သင်၏ အထောက်အထားနှင့် တည်နေရာကို အတည်ပြုနိုင်မည့် အခြားသော ဖြည့်စွက် အထောက် အထား စာရွက်စာတမ်းများကို တောင်းခံနိုင်ပါသည်။
အကောင့်လုံခြုံရေး - သင့်အကောင့်၏ အသေးစိတ်အချက်အလက်များကို အကာအကွယ် ပေးရန် သင့်၌ တာဝန်ရှိပါသည်။ လုံခြုံရေး ကျိုးပေါက်မှုကြောင့် သင့်အကောင့် အလွဲသုံးစား ပြုခံရပါက နွေဦးထီအနေဖြင့် တာဝန်ယူမည် မဟုတ်ပါ။
သင့်အကောင့်အတွက် ရန်ပုံငွေဖြည့်တင်းခြင်း - ကျွန်ုပ်တို့၏ ထီတွင် ပါဝင်ရာ၌ သင်၏ အကောင့်ထဲတွင် လုံလောက်သည့် ရန်ပုံငွေ ရှိရန် လိုအပ်ပြီး ယင်းအား နွေဦးထီမှ ချောမွေ့စွာ စီမံခန့်ခွဲထားမည် ဖြစ်ပါသည်။ ကျွန်ုတို့အနေဖြင့် မသမာသော လုပ်ဆောင်ချက်များအား တားဆီးနိုင်ရန်အတွက် ငွေပေးငွေယူများအား အတည်ပြုပိုင်ခွင့် ရှိပါသည်။
စည်းမျဥ်းများကို ပြင်ဆင်ခြင်း - နွေဦးထီအနေဖြင့် ဤ စည်းကမ်းချက်များကို အချိန်မရွေး ပြင်ဆင်ပိုင်ခွင့်အား ထိန်းသိမ်းထားပါသည်။ ပြင်ဆင်မှုများအောက်ရှိ ကျွန်ုပ်တို့၏ ဝန်ဆောင်မှု များကို ဆက်လက် အသုံးပြုခြင်းအားဖြင့် ယင်း စည်းကမ်းချက် အသစ်များကို သင့်အနေဖြင့် လက်ခံသည်ဟု သတ်မှတ်ပါသည်။
ဘာသာစကား - ကွဲလွဲမှုများ မရှိစေရန် အဆိုပါ စည်းကမ်းချက်များအား အခြားသော ဘာသာစကားများဖြင့် မဟုတ်ဘဲ အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် သင့် ကိုယ်ရေးကိုယ်တာနှင့် အပန်းဖြေရန် အတွက်သာ ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ မိမိတို့၏ ဝန်ဆောင်မှုများအား မည်သည့် တရားမဝင် လှုပ်ရှားမှု အတွက်မဆို အသုံးပြုခြင်းမှ တားမြစ်ထားပါသည်။ ထိုသို့ အလွဲသုံးစား ပြုလုပ်လျှင် သင့်အကောင့် အား ရပ်စဲကာ ဥပဒေကြောင်းအရ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ပါသည်။
(၆) လဆက်တိုက် အသုံးပြုမှု မရှိသော အကောင့်များအား အသက်မဝင်သော အကောင့်များအဖြစ် သတ်မှတ်သွားပါမည်။ (၅) နှစ်ဆက်တိုက် အသုံးပြုမှု မရှိသည့်နောက်တွင် ယင်း အကောင့်များထဲရှိ ရန်ပုံငွေများအား ပရဟိတလုပ်ငန်းများအတွက် လွှဲပြောင်း အသုံးပြုသွားမည် ဖြစ်ပါသည််။
နွေဦးထီ၏ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ခြင်းအားဖြင့် သင်သည် ဤ စည်းမျဥ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များကို နားလည်သိရှိပြီး လက်ခံကြောင်း အတည်ပြု၍ သက်ဆိုင်ရာ စည်းမျဉ်းများနှင့် စံနှုန်းများအားလုံးကို လိုက်နာမည်ဟု ကတိကဝတ်ပြုပါသည်။
နွေဦးထီ အကောင့်များ၊ မှတ်ပုံတင်ခြင်း၊ ပါဝင်ခြင်းတို့နှင့် စပ်လျဉ်း၍ မေးမြန်းလိုခြင်း သို့မဟုတ် မရှင်းလင်းမှုများအားသတင်းပို့ရန် သို့မဟုတ် သဘောထားမှတ်ချက်ပေးပို့ရန် သုံးစွဲသူ ဝန်ဆောင်မှု အဖွဲ့၏ အီးမေးလ် [email protected] သို့ စာပေးပို့ဆက်သွယ်နိုင်ပါသည်။
နွေဦးထီသည် သုံးစွဲသူများအား ဆုမဲပေါင်း (၄၂,၂၂၉) ဖြင့် စုစုပေါင်း ဆုကြေးငွေကျပ် (၁,၄၉၀,၀၀၀,၀၀၀) အား ပိုင်ဆိုင်စေမည့် အခွင့်အရေးကို ပေးဆောင်ရန် ရည်ရွယ်ပါသည်။ ဤ ဆုခွဲဝေမှုသည် ထီလက်မှတ် (၁) သန်း ရောင်းရငွေ၏ (၇၄.၅) ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး ပွဲစဉ်တိုင်း၌ ရရှိနိုင်သည့် စုစုပေါင်း လက်မှတ်များ၏ ထက်ဝက်နှင့် ညီမျှပါသည်။
တိုက်ရိုက်ထုတ်လွှင့်ပြသ၍ မဲနှိုက်ခြင်း - ထိပ်တန်းဆု (၄) ခုကို လစဉ် နောက်ဆုံးနေ့တိုင်း မြန်မာ စံတော်ချိန် ညနေ (၁၇:၀၀) နာရီ၌ ပြုလုပ်သည့် တိုက်ရိုက်ထုတ်လွှင့်ပြသမှု အစီအစဉ်အတွင်း ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။ အဆိုပါ တိုက်ရိုက်ထုတ်လွှင့်ပြသမှု အစီအစဉ်ကို နွေဦးထီ အဖွဲ့သားများမှ လူကိုယ်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
အလိုအလျောက် မဲနှိုက်ခြင်း - အချိန် ကန့်သတ်ချက်များကြောင့် ကျန်ရှိသော ကံထူးရှင် လက်မှတ် အမှတ်များကို ကျပန်းစနစ်ဖြင့် ဆုံးဖြတ်သွားမည် ဖြစ်ပါသည်။ ရလဒ်များကို နွေဦးထီ v2.0 Facebook စာမျက်နှာနှင့် ၎င်း၏ တရားဝင်ဝဘ်ဆိုဒ်တွင် ချက်ခြင်း မျှဝေသွားမည် ဖြစ်ပါသည်။
တာဝန်ရှိသူများက သက်သေခံခြင်း - တိုက်ရိုက်နှင့် အလိုအလျောက် မဲနှိုက်မှု လုပ်ငန်းစဉ် များကို NUG ဝန်ကြီးများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ ဒုတိယ၀န်ကြီး သို့မဟုတ် တရားဝင် တာဝန်အပ်နှံထားသော ကိုယ်စားလှယ်တစ်ဦးမှ စောင့်ကြည့်လေ့လာ သွားမည် ဖြစ်ပါသည်။ ကံထူးရှင် လက်မှတ်အမှတ်များအားလုံးကို အများပြည်သူထံ မကြေညာမီ တင်းကျပ်စွာ အတည်ပြုမှု ရယူရမည်ဖြစ်ပြီး ဌာနတွင်းအုပ်ချုပ်မှု ညွှန်ကြားချက် များနှင့်အညီ အတည်ပြုရမည် ဖြစ်ပါသည်။
လက်မှတ်အရောင်းပိတ်ခြင်း - ပွဲစဉ်တိုင်းအတွက် လက်မှတ်ရောင်းချခြင်းကို လစဉ် နောက်ဆုံးနေ့၊ မြန်မာစံတော်ချိန် ညနေ (၁၆:၀၀) နာရီ၊ မဲမနှိုက်မီ (၁) နာရီ တင်းတင်းအလိုတွင် ပိတ်သိမ်းမည် ဖြစ်ပါသည်။ လာမည့်လ ပွဲစဉ်အတွက် လက်မှတ်ရောင်းချမှုကို မဲနှိုက်ရန် သတ်မှတ်ထားသည့် နေ့၏ (၃၁) ရက်မတိုင်မီတွင် စတင်ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။
ဆု စုစုပေါင်း ၄၂,၂၂၉ ဆုများ မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ဆုအမျိုးအစားများ | ဆုကြေးငွေများ |
---|---|
ပထမဆု | ကံထူးရှင် တစ်ဦးတည်းအတွက် ကျပ်ငွေ ၅၀၀,၀၀၀,၀၀၀ |
ဒုတိယဆု | ကံထူးရှင် တစ်ဦးတည်းအတွက် ကျပ်ငွေ ၂၀၀,၀၀၀,၀၀၀ |
တတိယဆု | ကံထူးရှင် တစ်ဦးတည်းအတွက် ကျပ်ငွေ ၁၀၀,၀၀၀,၀၀၀ |
Jackpot ဆု | ကံထူးရှင် တစ်ဦးတည်းအတွက် ကျပ်ငွေ ၅၀,၀၀၀,၀၀၀ |
လက်ဆောင်ဆုများ | ကံထူးရှင် (၁၀) ဦး၊ တစ်ဦးလျှင် ကျပ်ငွေ ၅,၀၀၀,၀၀၀ စီ |
နှစ်သိမ့်ဆုများ | ကံထူးရှင် (၁၅) ဦး၊ တစ်ဦးလျှင် ကျပ်ငွေ ၂,၀၀၀,၀၀၀ စီ |
ဂဏန်း (၄) လုံးတူ | ကံထူးရှင် အယောက် (၂၀၀)၊ တစ်ဦးလျှင် ကျပ်ငွေ ၃၀၀,၀၀၀ စီ |
ဂဏန်း (၃) လုံးတူ | ကံထူးရှင် အယောက် (၂,၀၀၀)၊ တစ်ဦးလျှင် ကျပ်ငွေ ၅၀,၀၀၀ စီ |
ဂဏန်း (၂) လုံးတူ | ကံထူးရှင် အယောက် (၄၀,၀၀၀)၊ တစ်ဦးလျှင် ကျပ်ငွေ ၁၀,၀၀၀ စီ |
ပွဲစဉ်၌ ပါဝင်ခွင့် ရရှိစေရန် သုံးစွဲသူများအနေဖြင့် လက်မှတ် အရောင်းမပိတ်မီ ကြိုတင် ဝယ်ယူထားရှိ ရပါမည်။
သုံးစွဲသူအားလုံးအနေဖြင့် ဤ စာရွက်စာတမ်းပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် သဘောတူညီပြီး ကံထူးရှင် ရလဒ်များသည် ကြေညာထားသည့်အတိုင်း နောက်ဆုံးအတည် ဖြစ်သည်ဟု လက်ခံပါသည်။
နွေဦးထီတွင် ပါဝင်ခြင်းမှ ဖြစ်ပေါ်လာသည့် အငြင်းပွားမှုများကို ပင်မ စည်းမျဥ်းစည်းကမ်း စာတမ်းတွင် ဖော်ပြထားသော အငြင်းပွားမှု ဖြေရှင်းရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ပါသည်။
ဤ နောက်ဆက်တွဲသည် သုံးစွဲသူများအား နွေဦးထီ၏ ဆုဇယားနှင့် မဲနှိုက်ခြင်းလုပ်ငန်းစဉ်ကို ရှင်းရှင်း လင်းလင်းနှင့် ပြည့်ပြည့်ဝဝ ခြုံငုံသုံးသပ်နိုင်စေရန်၊ အထူးအားဖြင့် သုံးစွဲသူများမှ ၎င်းတို့ အနိုင် ရရှိနိုင်မည့် အခွင့်အလမ်းများနှင့် ဆုကြေးများ ဖြန့်ဝေရာတွင် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် အာမခံပေးသည့် လုပ်ထုံးလုပ်နည်းများအကြောင်း ကောင်းစွာသိရှိစေရန် ရည်ရွယ်ပါသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် တွင်နောက်ဆုံးပြင်ဆင်ထားခဲ့ပါသည်။
Copyright © Nway Oo Hti. All rights reserved.